PlayStation ရဲ့ နာမည်ကျော် မြေခွေးဂိမ်းအသစ် Crash Bandicoot 4

PlayStation ရဲ့ နာမည်ကျော် မြေခွေးဂိမ်းအသစ် Crash Bandicoot 4 ကို လာမယ့် အောက်တိုဘာ ၂ ရက်နေ့မှာ PS4 နဲ့ XBox အတွက် ဖြန့်ချိသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
Crash Bandicoot 4
Crash Bandicoot 4

PlayStation ရဲ့ နာမည်ကျော် “မြေခွေးဂိမ်း”၊ “မြေခွေးကားမောင်းဂိမ်း” လို့ လူသိများတဲ့ Crash Bandicoot ရဲ့ ဂိမ်းအသစ် Crash Bandicoot 4: It’s About Time ဟာ လာမယ့် အောက်တိုဘာလ ၂ ရက်နေ့မှာ PS4 နဲ့ Xbox One အတွက် ထွက်ရှိလာတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

Crash Bandicoot 4: It’s About Time Official Trailer

နှစ်နှစ်ကျော် အချိန်ယူပြုလုပ်ခဲ့တဲ့ ဒီဂိမ်းဟာ ရှေ့ကထွက်ခဲ့တဲ့ Crash Bandicoot ဂိမ်းတစ်ချို့လို Remake Version မဟုတ်ဘဲ အသွင်သစ် ဒီဇိုင်းသစ်နဲ့ ဂိမ်းဇာတ်လမ်းသွားအသစ် တစ်ခု ဖြစ်ပြီး Crash ရဲ့ မူရင်းဂိမ်းသုံးခုလို့ ဆိုနိုင်တဲ့ N. Sane Trilogy ရဲ့ အဆက် အနေနဲ့ ရောက်ရှိလာတာ ဖြစ်တယ်လို့ သိရပါတယ်။

ရည်ညွှန်း https://blog.playstation.com/2020/06/22/crash-bandicoot-4-its-about-time-launches-on-ps4-october-2/

Leave a Reply