Google Docs အတွက် အသုံးတည့် .new လိပ်စာတိုလေးများ

ဂူးဂဲလ် စာဖိုင် (Google Docs) အသစ်တစ်ဖိုင် ဖွင့်ဖို့၊ စာရင်းဖိုင် (Google Sheets) အသစ်တစ်ဖိုင် ဖွင့်ဖို့ စတဲ့ လုပ်ဆောင်ချက်တွေကို လုပ်ရိုးလုပ်စဉ် လုပ်နေရတာထက် ပိုပြီး လွယ်ကူလျင်မြန်စေမဲ့ နည်းလမ်းတွေ ရှိနေပါပြီ။
Google Docs Shortcut URL
Google Docs Shortcut URL

ဂူးဂဲလ် စာဖိုင် (Google Docs) အသစ်တစ်ဖိုင် ဖွင့်ဖို့၊ စာရင်းဖိုင် (Google Sheets) အသစ်တစ်ဖိုင် ဖွင့်ဖို့ စတဲ့ လုပ်ဆောင်ချက်တွေကို လုပ်ရိုးလုပ်စဉ် လုပ်နေရတာထက် ပိုပြီး လွယ်ကူလျင်မြန်စေမဲ့ နည်းလမ်းတွေ ရှိနေပါပြီ။

အရင်က Google Docs အပါအဝင် Sheets, Slides, Forms စတဲ့ Application တွေကို အသုံးပြုသူတွေ အနေနဲ့ သက်ဆိုင်ရာ Application ရဲ့ ဝဘ်စာမျက်နှာ သို့မဟုတ် Google Drive ကတဆင့် အလိုရှိရာမှာ ဖိုင်အသစ်ဖွင့်ဖို့ တစ်ဆင့်ချင်း လုပ်ဆောင်နေရတာ ဖြစ်ပါတယ်။

ယခုအခါမှာတော့ အဆိုပါ ဖိုင်အသစ်ဖွင့်တဲ့ လုပ်ဆောင်ချက်တွေ အတွက် အောက်ပါအတိုင်း သက်ဆိုင်ရာ လိပ်စာတိုလေးတွေကို ရိုက်ထည့်လိုက်တာနဲ့ လွယ်ကူလျင်မြန်စွာ လုပ်ဆောင်နိုင်ပြီ ဖြစ်ပါတယ်။

doc(s).new = New Google Doc
sheet(s).new = New Google Sheet
slide(s).new = New Google Slide
form(s).new = New Google Form
keep.new, note(s).new = New Google Keep Note

တစ်ချို့ဆိုက်တွေအတွက် ဖော်ပြပါအတိုင်း နာမည်မှာ s ပါသည်ဖြစ်စေ၊ မပါသည် ဖြစ်စေ အသုံးပြုနိုင်ပါတယ်။

အလားတူပဲ Google Meet မှာ ဗွီဒီယိုနဲ့ အစည်းအဝေး အသစ်တစ်ခု စတင်ဖို့ meet.new ဆိုတဲ့ လိပ်စာကို အသုံးပြုနိုင်ပါတယ်။ Google Calendar မှာ Event အသစ် ထည့်ဖို့အတွက်လည်း cal.new ကို အသုံးပြုနိုင်ပါတယ်။ site(s).new ဆိုရင်တော့ Google Sites အသစ်ပြုလုပ်တဲ့နေရာကို ရောက်သွားမှာ ဖြစ်ပါတယ်။

အထက်ပါ လိပ်စာတွေကို အသုံးပြုရာမှာ Google Login မဝင်ထားရသေးသူတွေအတွက် Login ဝင်ရတဲ့ အဆင့်တစ်ခု ပိုနေမှာ ဖြစ်ပြီး Google Login ဝင်ပြီးသား (သို့) Google Chrome Browser ကို Login ဝင်ထားပြီး အသုံးပြုသူများကတော့ အလိုရှိရာ စာမျက်နှာကို တိုက်ရိုက် ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

.new ဟာ Google က ပိုင်ဆိုင်ထားတဲ့ Domain Extension အသစ် တစ်ခုဖြစ်ပြီး Web Application ဆိုက်တွေမှာ လုပ်ဆောင်ချက် အသစ်တွေ လွယ်ကူလျင်မြန်စွာ တိုက်ရိုက်ပြုလုပ်နိုင်ဖို့ ရည်ရွယ်ကာ စည်းမျဥ်း အကန့်အသတ်နဲ့ ရောင်းချပေးနေတာ ဖြစ်ပါတယ်။

လက်ရှိမှာ Google ရဲ့ဝန်ဆောင်မှုတွေ နည်းတူ လိုတိုရှင်း .new လိပ်စာကို Microsoft Office (word.new), Medium (story.new), Bit.ly (link.new, bitly.new), Canva (canva.new), GitHub (repo.new, gist.new) စတဲ့ အွန်လိုင်းက နာမည်ကျော်ဝဘ်ဆိုက်တွေမှာလည်း အသုံးပြုနိုင်ပြီလို့ ကြေညာထားပါတယ်။

Leave a Reply