PUBG Mobile ဂိမ်းသီးသန့် ပွဲချိန်တို မြေပုံသစ် Livik ထွက်ရှိမည်

လက်ရှိ PUBG Mobile ဂိမ်းမှာ ပါဝင်တဲ့ မြေပုံတွေဟာ ပျမ်းမျှ ပွဲချိန် မိနစ် ၂၀၊ နာရီဝက် လောက် ကြာမြင့်တဲ့အတွက် အချို့သော အချိန်ရှားပါးတဲ့ ကစားသူတွေ အဆင်ပြေစေဖို့ ပွဲကြာမြင့်ချိန် တိုတောင်းစေမယ့် Livik လို့ခေါ်တဲ့ မြေပုံသစ်တစ်ခုကို PUBG Mobile က မိတ်ဆက်လာပါတယ်။
PUBG Mobile Livik Map
PUBG Mobile Livik Map

Update: ဇူလိုင်လ ၅ ရက်နေ့မှာ Livik မြေပုံအတွက် မိတ်ဆက် ဗီဒီယိုတစ်ခုကို PUBG Mobile က စတင် ထုတ်လွှင့်ပေးခဲ့ပါတယ်။

PUBG Mobile Livik Map Tour

လက်ရှိ PUBG Mobile ဂိမ်းမှာ ပါဝင်တဲ့ မြေပုံတွေဟာ ပျမ်းမျှ ပွဲချိန် မိနစ် ၂၀၊ နာရီဝက် လောက် ကြာမြင့်တဲ့အတွက် အချို့သော အချိန်ရှားပါးတဲ့ ကစားသူတွေ အဆင်ပြေစေဖို့ ပွဲကြာမြင့်ချိန် တိုတောင်းစေမယ့် Livik လို့ခေါ်တဲ့ မြေပုံသစ်တစ်ခုကို PUBG Mobile က မိတ်ဆက်လာပါတယ်။

မြေပုံသစ်ဟာ ၂ ကီလိုမီတာ ပတ်ချာလည်သာ ကျယ်ဝန်းပြီး တစ်ကြိမ်မှာ ကစားသူ အယောက် ၄၀ သာ ပါဝင်ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။

ဇူလိုင် ၇ ရက်နေ့မှာ တရားဝင် ထွက်ရှိလာတဲ့ မြေပုံသစ်ကို Beta လို့ပဲ ဆက်လက် သတ်မှတ်ထားပြီး ကစားသူ ၅၂ ယောက်အထိ ပါဝင်ဆော့ကစားနိုင်တာ တွေ့ရပါတယ်။

Developer တွေရဲ့ အဆိုအရ Livik မြေပုံမှာ ပျမ်းမျှ ပွဲချိန် ၁၅ မိနစ်ခန့်သာ ကြာမြင့်နိုင်တဲ့အတွက် ခဏတစ်ဖြုတ် ဆော့ကစားချင်သူတွေ၊ အချိန်ကြာကြာ မရသူတွေအတွက် အဆင်ပြေစေမယ်လို့ သိရပါတယ်။

ဒီမြေပုံသစ်ကို ဥရောပ မြောက်ဖျားဒေသဆန်ဆန် မြေမျက်နှာသွင်ပြင် ရှုခင်းတွေနဲ့ ဖန်တီးပြုလုပ်ထားပြီး မြေပုံအတွင်းမှာ မီးတောင်၊ ရေတံခွန်နဲ့ ရေပူစမ်းတို့လို့ စိတ်ဝင်စားစရာ နေရာများလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီ Livik မြေပုံနဲ့အတူ လက်နက်ခဲယမ်း အသစ်များအဖြစ် P90 submachine gun နဲ့ MK12 burst snipper riffle တို့ ပါဝင်လာမှာ ဖြစ်ပါတယ်။

Livik မြေပုံဟာ လာမယ့် ဇူလိုင်လ အစောပိုင်းမှာ (Update: ဇူလိုင် ၇) PUBG Mobile version သစ် 0.19.0 နဲ့အတူ တရားဝင် ထွက်ရှိလာမယ်လို့ ခန့်မှန်းရပြီး လက်ရှိအချိန်မှာတော့ PUBG Mobile Beta version မှာ စမ်းသပ်ထည့်သွင်းထားတာ တွေ့ရပါတယ်။

နောက်ဆက်တွဲ သတင်းတစ်ရပ်အနေနဲ့ အဆင်မြှင့်တင်ထားတဲ့ Erangel မြေပုံ Erangel 2.0 ဟာ အသေးစိတ် အချောသပ်တဲ့ အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပြီး ၂၀၂၀ ဒုတိယနှစ်ဝက်အတွင်း ထွက်ရှိနိုင်မယ်လို့ သိရပါတယ်။

Leave a Reply