ရိုးရှင်းလွယ်ကူတဲ့ Raspberry Pi Imager

နောက်ဆုံးထွက် Raspberry Pi OS ကို SD Card မှာ သွင်းဖို့ရာ အလွယ်ဆုံးနည်းလမ်းက တရားဝင် ဝဘ်ဆိုက်မှာ ညွှန်းထားတဲ့အတိုင်း Raspberry Pi Imager Software ကို အသုံးပြုတဲ့ နည်းလမ်း ဖြစ်ပါတယ်။
Raspberry Pi Imager

Raspberry Pi Imager မှာ OS အတွက် အသုံးပြုမယ့် SD Card ကို Format ရိုက်ခြင်း၊ OS Image ကို Download ဆွဲခြင်း၊ SD ကတ်တွင် Image ရေးခြင်း အစရှိတဲ့ လုပ်ဆောင်ချက်တွေ ပြည့်ပြည့်စုံစုံ ပါဝင်ပါတယ်။

အသင့် ရွေးချယ် အသုံးပြုနိုင်တဲ့ OS များအဖြစ် Raspberry Pi OS Standard version အပြင် Lite version နဲ့ Full Version၊ ရုပ်ရှင်ကြည့်ဖို့ Kodi အသားပေး LibreELEC၊ Ubuntu LTS Server နဲ့ IoT version စတဲ့ OS တွေပါဝင်ပါတယ်။

ကွန်ပျူတာထဲမှာ အခြား ကြိုတင် Download ဆွဲထားတဲ့ OS Image တွေ ရှိရင်လည်း သုံးနိုင်ပါတယ်။

Raspberry Pi Imager Software ကို Windows, Mac, Linux Operating System တွေအတွက် ဒီနေရာမှာ Download ရယူနိုင်ပါတယ်။

Raspberry Pi Imager Downloadhttps://www.raspberrypi.org/downloads/

One comment

Leave a Reply