Raspberry Pi OS ရဲ့ နာရီကို ၁၂ နာရီစနစ် ပြင်ဆင်ချိန်ညှိခြင်း

Raspberry Pi OS Desktop က နာရီကို မူလ ၂၄ နာရီစနစ်ကနေ လူသုံးများတဲ့ ၁၂ နာရီစနစ်နဲ့ စိတ်ကြိုက် ရက်စွဲပုံစံအတိုင်း ပြောင်းလဲနိုင်ဖို့ အောက်ပါအတိုင်း လုပ်ပါ။

Raspberry Pi OS ရဲ့ အပေါ် Panel ဘား ညာဘက် အစွန်ဆုံးမှာ လက်ရှိအချိန်ကို ပြတဲ့ နာရီ (Digital Clock) Applet လေး ရှိပါတယ်။ OS မှာ ပုံသေပါတဲ့ မူရင်းအတိုင်းဆို ၂၄ နာရီပုံစံနဲ့ (၁၂ နာရီကျော်တာနဲ့ ၁၃ နာရီ၊ ၁၄ နာရီ စသည်) ပြပေးပါတယ်။

နာရီပေါ်မှာ Cursor မြားလေး တင်လိုက်ရင် နေ့နဲ့ ရက်စွဲကို ပြသပေးတာ ဖြစ်ပြီး Click တစ်ချက်နှိပ်လိုက်ရင်တော့ ပြက္ခဒိန်ကို ပြသပေးတာ ဖြစ်ပါတယ်။

Raspberry Pi Digital Clock
Raspberry Pi Digital Clock
Raspberry Pi Calendar
Raspberry Pi Calendar

လူသုံးများတဲ့ ၁၂ နာရီစနစ်နဲ့ ရက်စွဲ၊ နေ့ စတာတွေ ပြသတဲ့ပုံစံကို ပြောင်းနိုင်ဖို့ နာရီပေါ်မှာ Right-Click နှိပ်ပြီး Digital Clock Settings ထဲကို ဝင်ပါ။

Raspberry Pi Digital Clock Settings
Raspberry Pi Digital Clock Settings

Clock Format အကွက်မှာ ရှိရင်းစွဲကို ဖျက်ပြီး အောက်ပါအတိုင်း ဖြည့်ပါ။

%I:%M %p

အောက်ဖော်ပြပါအတိုင်း နာရီ၊ မိနစ်နဲ့ မနက်ည ကို ဖော်ပြပေးတဲ့ပုံစံ ရပါမယ်။

03:06 PM

Tooltip Format အကွက်မှာ ရှိရင်းစွဲကို ဖျက်ပြီး အောက်ပါအတိုင်း ဖြည့်ပါ။

%h %d, %Y %a

အောက်ဖော်ပြပါအတိုင်း လအမည် (အတိုကောက်)၊ ရက်၊ ခုနှစ်နဲ့ နေ့ (အတိုကောက်) ကို ပြတဲ့ပုံစံ ရပါမယ်။

Jun 12, 2018 Tue
Raspberry Pi Formatting Digital Clock
Raspberry Pi Formatting Digital Clock

အားလုံးပြီးရင် OK နှိပ်ပြီး ပိတ်လိုက်နိုင်ပါပြီ။

Raspberry Pi Configured Digital Clock
Raspberry Pi Configured Digital Clock

%I, %M စတဲ့ Placeholder တွေအကြောင်း ပြည့်ပြည့်စုံစုံ သိချင်သူများ Terminal မှာ အောက်ပါအတိုင်း ရိုက်ထည့်ပြီး ဖတ်ကြည့်လို့ရပါသေးတယ်။

man 3 strftime

အခြေခံအားဖြင့် အောက်ပါအတိုင်း ဖြစ်ပါတယ်။

%rမနက်ညပါ ဖော်ပြပေးတဲ့ ၁၂ နာရီစနစ် နာရီ
%R၂၄ နာရီစနစ် နာရီ
%Xစက္ကန့်ပါ ဖော်ပြပေးတဲ့ ၂၄ နာရီစနစ် နာရီ
%xDD/MM/YY (နေ့/လ/ခုနှစ်) စနစ် ရက်စွဲ
%dရက်
%DMM/DD/YY (နေ့/လ/ခုနှစ်) စနစ် ရက်စွဲ
%aနေ့နာမည် အတိုကောက်
%Aနေ့နာမည် အပြည့်အစုံ

One comment

Leave a Reply