Raspberry Pi Imager ဖြင့် Raspberry Pi OS တင်နည်း

Raspberry Pi Imager ကို အသုံးပြုပြီး နောက်ဆုံးထွက် Raspberry Pi OS နဲ့ အခြား OS များကို အလွယ်တကူ Install ပြုလုပ်နိုင်ပါတယ်။

နောက်ဆုံးထွက် Raspberry Pi OS ကို SD Card မှာ သွင်းဖို့ရာ အလွယ်ကူဆုံးနည်းလမ်းက တရားဝင် ဝဘ်ဆိုက်မှာ ညွှန်းထားတဲ့အတိုင်း Raspberry Pi Imager Software ကို အသုံးပြုတဲ့ နည်းလမ်း ဖြစ်ပါတယ်။

Raspberry Pi Imager ကို (Windows, Mac, Linux) OS အလိုက် ဒီနေရာမှာ Download ရယူပြီး Install ပြုလုပ်ပါ။

Raspberry Pi Imager
Raspberry Pi Imager

SD Card Formatting

ပထမဆုံး အသုံးပြုမယ့် SD ကတ်ကို Format ချပါမယ်။ Operating System အောက်က CHOOSE OS နေရာမှာ Erase (Format card as FAT32) ဆိုတဲ့ လုပ်ဆောင်ချက်ကို ရွေးပါ။

Raspberry Pi Imager Erase SD
Raspberry Pi Imager Erase SD

CHOOSE SD CARD နေရာမှာ အသုံးပြုမယ့် SD Card ကို ရွေးပါ။ ပြီးရင် နောက်ဆုံးနေရာက WRITE ကို နှိပ်ပါ။ ခဏကြာတဲ့အခါ Format ချ ပြီးကြောင်း Message Box ပေါ်လာပါလိမ့်မယ်။

Raspberry Pi Imager Erasing SD Card
Raspberry Pi Imager Erasing SD Card

OS Image Download and Writing

SD Card ကို Format ချပြီးသွားတဲ့အခါ Raspberry Pi OS ကို Install ပြုလုပ်ပါမယ်။ Operating System စာရင်းမှာ ထိပ်ဆုံးနေရာက ညွှန်းထားတဲ့ Raspberry Pi OS (32-bit) ကို ရွေးပါ။

Raspberry Pi Imager Choosing OS
Raspberry Pi Imager Choosing OS

အခြားရွေးချယ်စရာများ အနေနဲ့ Raspberry Pi OS (other) ထဲမှာ Desktop Environment မပါတဲ့ Lite Version နဲ့ Software အစုံပါတဲ့ Full Version၊ ရုပ်ရှင်ကြည့်ဖို့ Kodi အသားပေး LibreELEC စာရင်းထဲမှာ Raspberry Pi Model (2/3/4) အလိုက် LibreELEC version များ၊ Ubuntu ထဲမှာ နောက်ဆုံးထွက် LTS version ဖြစ်တဲ့ Ubuntu 20.04 LTS Server Version နဲ့ Ubuntu Core 18.04 IoT version စတာတွေ ရှိပါတယ်။

ကွန်ပျူတာထဲမှာ ကြိုတင် Download ချထားတဲ့ အခြားသော OS များရဲ့ Image တွေ ရှိရင်လည်း Raspberry Pi Imager နဲ့ တွဲဖက် အသုံးပြုနိုင်ပါတယ်။

OS နဲ့ အသုံးပြုမယ့် SD Card ကို ရွေးပြီးရင် WRITE ကို နှိပ်ပါ။ ဒီအခါမှာ Raspberry Pi Imager က ရွေးချယ်ထားတဲ့ OS ကို အလိုအလျောက် Download ဆွဲပြီး SD Card မှာ ရေးတဲ့ လုပ်ငန်းကို စတင်လုပ်ကိုင်မှာ ဖြစ်ပါတယ်။

Raspberry Pi Imager Writing SD Card
Raspberry Pi Imager Writing SD Card

လုပ်ငန်းစဉ်ရဲ့ ကြာချိန်ကတော့ 1.1 GB ပမာဏရှိတဲ့ OS Image ကို Download ဆွဲတာ ဖြစ်တဲ့အတွက် အသုံးပြုနေတဲ့ အင်တာနက် အမြန်နှုန်းအပေါ် မူတည်ပါလိမ့်မယ်။

Writing ပြုလုပ်နေစဉ် ဘာ Error မပြဘဲ နောက်ဆုံး Write Successful Message ပေါ်လာတဲ့အခါကျရင်တော့ Raspberry Pi Imager နဲ့ Raspberry Pi OS ကို အဆင်ပြေပြေ သွင်းပြီးသွားပြီ ဖြစ်လို့ စက်ထဲက ကတ်ကိုထုတ်၊ Raspberry Pi မှာ တပ်ဆင်ပြီး Raspberry Pi OS ကို စတင် Set up လုပ် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

Raspberry Pi Imager Write Successful
Raspberry Pi Imager Write Successful

One comment

Leave a Reply