Raspberry Pi OS တွင် မြန်မာဖောင့်နှင့် ကီးဘုတ် ထည့်သွင်းနည်း

Raspberry Pi OS မှာ မြန်မာဘာသာနဲ့ အရေးအဖတ် ပြုလုပ်နိုင်စေဖို့ လိုအပ်တဲ့ မြန်မာဖောင့်နဲ့ ကီးဘုတ် ထည့်သွင်းနည်း၊ မြန်မာစာရိုက်နည်းကို ပြောပြချင်ပါတယ်။

Raspberry Pi OS မှာ မြန်မာဘာသာနဲ့ အရေးအဖတ် ပြုလုပ်နိုင်စေဖို့ လိုအပ်တဲ့ မြန်မာဖောင့်နဲ့ ကီးဘုတ် ထည့်သွင်းနည်း၊ မြန်မာစာရိုက်နည်းကို ပြောပြချင်ပါတယ်။

မြန်မာဖောင့် ထည့်သွင်းနည်း

ပထမဆုံး ဒီနေရာမှာ ပြည်ထောင်စုဖောင့် ကို ရယူပါ။

Pyidaungsu Font Download – http://www.unicodetoday.org/downloads/Pyidaungsu-2.5.3_Regular.ttf

ပြီးရင် Home Folder အောက်မှာ .fonts ဆိုတဲ့ Folder ဆောက်ပြီး ခုနက Download ချထားတဲ့ ဖောင့်ဖိုင်ကို ကူးထည့်ပေးလိုက်ပါ။ ဖိုလ်ဒါနာမည် ရှေ့ဆုံးမှာ . (dot) ပါတာကို သတိပြုပါ။

Creating Fonts Folder
Creating Fonts Folder

ပုံမှန်အတိုင်းဆို . (dot) နဲ့ စတဲ့ ဖိုင်တွေ ဖိုလ်ဒါတွေကို OS က Hidden ချထားလို့ မမြင်ရပါဘူး။ Ctrl + H နှိပ်ပြီး သို့မဟုတ် Right Click Context Menu အောက်ဆုံးက Show Hidden ကို ရွေးချယ်ပြီး ဖော်ကြည့်လို့ ရပါတယ်။

Show Hidden Files and Folders
Show Hidden Files and Folders

ဒါဆိုရင် လက်ရှိ User ‘pi’ အတွက် မြန်မာဖောင့် ထည့်သွင်းပြီးပါပြီ။ Home Folder မှာ ရှုပ်ထွေးမှုတွေ မဖြစ်အောင် Hidden File တွေ ပြန်ပိတ်ဖို့ မမေ့ပါနဲ့။

Pyidaungsu Font Added
Pyidaungsu Font Added

မြန်မာကီးဘုတ် ထည့်သွင်းနည်း

Raspberry Pi OS မှာ မြန်မာလို စာရိုက်နိုင်ဖို့ အလွယ်ကူဆုံးနည်းလမ်းက OS နဲ့ တစ်ပါတည်း ပါလာတဲ့ မြန်မာစာ လက်ကွက်အတိုင်း အသုံးပြုခြင်း ဖြစ်ပါတယ်။ အခြား Software ထပ်မံ ထည့်သွင်းစရာမလိုဘဲ လိုအပ်တဲ့ Settings အချို့ ချိန်ညှိပြီးတာနဲ့ လက်တင် အသုံးပြုနိုင်ပါတယ်။

Keyboard Handler ထည့်သွင်းခြင်း

အရင်ဆုံး Desktop ရဲ့ Panel ဘားပေါ်က နေရာလွတ်တစ်ခုမှာ Right Click နှိပ်ပြီး သက်ဆိုင်ရာ Context Menu ကို ဖွင့်ပါ။ ပြီးရင် Add/ Remove Panel Items ဆိုတာကို ရွေးပါ။

Add Panel Items
Add Panel Items

Panel Applets Tab ပွင့်လျက် Panel Preferences Window ပေါ်လာပါလိမ့်မယ်။ ညာဘက်ခြမ်း အပေါ်ဆုံးက Add ခလုတ်ကို နှိပ်ပါ။ Add plugin to panel ဆိုတဲ့ စာရင်းလေးပေါ်လာရင် အဲဒီအထဲက Keyboard Layout Handler ဆိုတာကို ရွေးချယ်ပေးပါ။

Add Plugin to Panel
Add Plugin to Panel

ဒါဆိုရင် Panel မှာ Keyboard Layout Handler Plugin ထည့်သွင်းပြီးသွားလို့ Panel ဘား ညာဘက်အစွန်ဆုံး နာရီရဲ့နောက်မှာ လက်ရှိသုံးနေတဲ့ US Keyboard ကိုယ်စားပြု အမေရိကန် အလံပုံလေး ပေါ်လာတာ တွေ့ရပါလိမ့်မယ်။

Keyboard Layout Handler Added
Keyboard Layout Handler Added

တစ်လက်စတည်း Keyboard Layout Handler Plugin ကို Panel မှာ နေရာသေချာ ချထားဖို့ Panel Preferences Window ညာဘက်ခြမ်းက Up ခလုတ်ကို တစ်ချက်ချင်းနှိပ်ပြီး Bluetooth ရဲ့ အပေါ် နေရာအထိ တင်ပေးပါ။ Panel ဘားမှာ အလံပုံလေးက Bluetooth Icon ရဲ့ အရှေ့နေရာကို ရောက်သွားပါလိမ့်မယ်။

Moving Keyboard Layout Handler
Moving Keyboard Layout Handler

Keyboard Layout Handler ထည့်ပြီး၊ နေရာချထားပြီးရင် မြန်မာစာလက်ကွက် ထည့်ဖို့အတွက် Panel Applets Tab မှာ Keyboard Layout Handler ကို Select မှတ်ပြီး ညာဘက်ခြမ်း ခလုတ်တွေထဲက Preferences ကို နှိပ်ပါ။

Panel Preferences Window ကို ပိတ်လိုက်မိရင်တော့ Panel ဘားက အလံပုံအပေါ်မှာ Right Click နှိပ်၊ ပေါ်လာတဲ့ Menu ထဲကမှ Keyboard Layout Handler Settings ကို နှိပ်ပါ။

ပေါ်လာတဲ့ Keyboard Layout Handler Settings မှာ Keep system layouts ဆိုတဲ့ Option ကို အမှန်ခြစ်ဖြုတ်လိုက်ပါ။ ဒါဆိုရင် Disable ဖြစ်နေတဲ့ Options တွေ ပွင့်သွားပါလိမ့်မယ်။

Keyboard Layout Handler Settings
Keyboard Layout Handler Settings

ဘယ်ဘက်ခြမ်း Keyboard Layouts ခေါင်းစဉ်အောက်က Add ခလုတ်ကို နှိပ်ပြီး ပေါ်လာတဲ့ Add Keyboad Layout စာရင်းထဲက mm | Burmese ကို ရွေးပေးပါ။ ဒါဆိုရင် Keyboard Layout စာရင်းထဲမှာ mm ဆိုပြီး အရင်အလံဟောင်းကလေးနဲ့ ထပ်တိုးပေါ်လာပါလိမ့်မယ်။

Adding Burmese Keyboard Layout
Adding Burmese Keyboard Layout

ညာဘက်ခြမ်း Show Layout as ဆိုတဲ့နေရာမှာ Text ကို ရွေးပါ။

Show Layout As Text
Show Layout As Text

ခုဆိုရင် အင်္ဂလိပ်နဲ့ မြန်မာလက်ကွက် အကြား Shift + Caps Lock ကို နှိပ်ပြီး ပြောင်းလဲ အသုံးပြုနိုင်ပါပြီ။ မူရင်း Shortcut Key ကိုသဘောမကျရင် Change Layout Option အောက်မှာ စိတ်ကြိုက် ပေါင်းစပ်ကီးတွေ ရွေးချယ်သတ်မှတ် ပေးနိုင်ပါတယ်။

Select Layout Change Type
Select Layout Change Type

အားလုံးပြီးရင်တော့ ညာဘက်အပေါ်ထောင့်က ကြက်ခြေခတ် ခလုတ်ကိုနှိပ်ပြီး ပိတ်လိုက်နိုင်ပါပြီ။

Keyboard Layout Handler Settings မှာ Close ခလုတ်ပါပေမယ့် အကြောင်းကြောင်းကြောင့် အလုပ်မလုပ်လို့ ဒီအတိုင်း ပိတ်ရတာ ဖြစ်ပါတယ်။

Typing with Myanmar Keyboard
Typing with Myanmar Keyboard

မြန်မာစာ ရိုက်နည်း

Raspberry Pi OS မှာ တစ်ပါတည်း ပါလာတဲ့ မြန်မာစာ လက်ကွက်က Myanmar 3 Keyboard Layout ဖြစ်ပါတယ်။

မြန်မာ ၃ လက်ကွက်ဟာ ပြည်တွင်းမှာ ခေတ်စားတဲ့ ဝင်းအင်းဝ၊ ဇော်ဂျီ စတဲ့ လက်ကွက်တွေဆီက ဆင်းသက်လာတယ်လို့ ပြောလို့ရတာမို့ သူရဲ့ အက္ခရာ အခင်းအကျင်းက အရင်လက်ကွက်တွေနဲ့ မြန်မာစာ ရိုက်တတ်ပြီးသား လူအများစုအတွက် မစိမ်းလှပါဘူး။

ဒါပေမယ့် ဝ၊ ယ နဲ့ ဂ လို အက္ခရာတွေ နေရာပြောင်းနေသလို ယပင့်ယရစ် စတဲ့ အရင်လက်ကွက်တွေမှာ ခလုတ်နှစ်ခု သုံးခုဖြစ်နေတာတွေ ဒီလက်ကွက်မှာ တစ်ခုတည်း ဖြစ်သွားပါတယ်။

စာရိုက်နည်းကို အကြမ်းဖျင်းပြောရရင် ဗျည်းကို အရင်ရိုက်ရပါမယ်။ ပြီးရင် ပင့်ရစ်ဆွဲထိုး လို့ခေါ်တဲ့ ယပင့်၊ ယရစ်၊ ဝဆွဲ၊ ဟထိုး စတာတွေ ရိုက်ရပါတယ်။ ပြီးမှ ကျန်တာ ဆက်ရိုက်ရပါတယ်။ ပါဌ်ဆင့်တွေ ရိုက်ချင်ရင် Shift + F ကီးကို နှိပ်ပေးရပါတယ်။

အတွေ့အကြုံအရ စာတစ်ပုဒ်စ နှစ်ပုဒ်စ ရိုက်ရင်းနဲ့ပဲ လက်အကျင့်ရ အဆင်ပြေသွားတာမို့ လက်ကွက် အကူးအပြောင်း အတွက် စိတ်ပူစရာ မလိုလှပါဘူး။

Myanmar 3 Unicode Keyboard Layout
Myanmar 3 Unicode Keyboard Layout

One comment

Leave a Reply