Burmese Ghouls အသင်း MPLI တွင် တတိယရရှိ

MPL လေးနိုင်ငံဖလား ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု Mobile Legends အသင်း Burmese Ghouls (BG) က တတိယ ရရှိခဲ့သည်။
Burmese Ghouls eliminate EVOS Legends from MPLI 4 Nation Cup
Burmese Ghouls eliminate EVOS Legends from MPLI 4 Nation Cup
Photo Credit: Burmese Ghouls

အင်ဒိုနီးရှား MLBB အသင်း ငါးသင်းနှင့် မြန်မာ၊ စင်ကာပူ၊ မလေးရှားတို့မှ တစ်သင်းစီ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသော MPL လေးနိုင်ငံဖလား ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု Burmese Ghouls (BG) အသင်းက တတိယ ရရှိခဲ့သည်။

MPL-MM Season 4 ချန်ပီယံ BG အသင်းသည် ယနေ့ (ဇူလိုင်လ ၅ ရက်) နေ့လည်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့သော Lower Bracket Final တွင် စင်ကာပူ ကိုယ်စားပြု MPL-MY/SG Season 5 ချန်ပီယံ Resurgence (RSG) အသင်းကို ၂ ပွဲ – ၁ ပွဲဖြင့် ရှုံးနိမ့်ခဲ့ပြီး တတိယနေရာဖြင့် ကျေနပ်ခဲ့ရခြင်း ဖြစ်သည်။

Burmese Ghouls အသင်းသည် MPLI ရှုံးထွက်အဆင့် ပွဲစဉ်များတွင် Upper Bracket မှ စတင်ယှဉ်ပြိုင်ခဲ့ရပြီး ပထမနေ့ အဖွင့်ပွဲတွင် RSG အသင်းကို နှစ်ပွဲပြတ်ဖြင့် ရှုံးနိမ့်ကာ Lower Bracket သို့ ဆင်းခဲ့ရသည်။

သို့သော် ဒုတိယနေ့ ပွဲစဉ်များတွင် မလေးရှား ကိုယ်စားပြု Geek Fam နှင့် အင်ဒိုနီးရှား ကိုယ်စားပြု လက်ရှိ MLBB M1 ချန်ပီယံ EVOS Legends အသင်းများကို နှစ်ပွဲပြတ်စီဖြင့် လက်စွမ်းပြ အနိုင်ရရှိခဲ့ကာ Lower Bracket Final သို့ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

MPLI ဗိုလ်လုပွဲအဖြစ် RSG နှင့် အင်ဒိုနီးရှား ကိုယ်စားပြု MPL-ID Season 5 ချန်ပီယံ RRQ အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ပြီး RRQ အသင်းက သုံးပွဲပြတ်ဖြင့် အနိုင်ရရှိကာ MPLI ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ အဆိုပါ နှစ်သင်းမှာ MPLI ဒုတိယနေ့ Upper Bracket Final တွင် တွေ့ဆုံခဲ့ဖူးပြီး ထိုစဉ်ကလည်း RRQ အသင်းက နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။

One comment

Leave a Reply