Local WordPress Website တစ်ခု ပြုလုပ်ခြင်း

ကွန်ပျူတာထဲမှာ Local WordPress Website Development အလွယ်တကူ ပြုလုပ်နိုင်ဖို့ Local "Lightning" အသုံးပြုပုံကို တဆင့်ချင်း ရှင်းပြထားပါတယ်။

ကွန်ပျူတာထဲမှာ Local WordPress site တစ်ခု အလွယ်တကူ ပြုလုပ်နိုင်ဖို့ Local “Lightning” အသုံးပြုနိုင်ပါတယ်။

Local “Lightning” ကို Windows, Mac သို့မဟုတ် Linux OS အတွက် ဒီနေရာမှာ Download အခမဲ့ ရယူပါ။

Local “Lightning” Downloadhttps://www.localwp.com

Download ရယူရာမှာ Email လိပ်စာတစ်ခု ဖြည့်ပေးဖို့တော့ လိုအပ်ပါတယ်။

ပြီးရင် သက်ဆိုင်ရာ OS အလိုက် လုပ်ရိုးလုပ်စဉ်အတိုင်း Install ပြုလုပ်နိုင်ပါတယ်။

အောက်ဖော်ပြပါပုံမှာ Ubuntu အတွက် deb ဖိုင်ကို Software Center က တဆင့် Install ပြုလုပ်နေတာ ဖြစ်ပါတယ်။

Installing Local on Ubuntu
Installing Local on Ubuntu

Install ပြုလုပ်ပြီး ပထမဆုံးအကြိမ် ဖွင့်လိုက်တဲ့အခါမှာ တွေ့မြင်ရတဲ့ Pro Version အတွက် ကြော်ငြာတွေကို စိတ်မဝင်စားရင် ပိတ်လိုက်နိုင်ပါတယ်။ Local Pro version မှာ မူလထက် ထပ်တိုး လုပ်ဆောင်ချက်တွေ ပါဝင်လာပေမယ့် Theme တွေ Plugin တွေ စမ်းကြည့်ဖို့၊ အသစ်ဖန်တီးဖို့နဲ့ WoredPress CMS အသုံးပြုပုံ လေ့လာဖို့ စတဲ့ သာမန်အသုံး အတွက်ကတော့ အခမဲ့ ဗားရှင်းနဲ့တင် လုံလောက်တာကို တွေ့ရပါတယ်။

ပြီးတဲ့အခါမှာ ပထမဆုံး Local WordPress ဆိုက်တစ်ခု ပြုလုပ်ဖို့အတွက် Create a new site ဆိုတဲ့ ခလုတ်ကို နှိပ်ပါ။

Create a new site on Local
Create a new site on Local

ပထမအဆင့် အနေနဲ့ ဆိုက်အမည်ကို မေးလာမှာ ဖြစ်ပါတယ်။ နမူနာအနေနဲ့ Testing လို့ ဖြည့်ပေးလိုက်ပါ။ ဒီအဆင့်မှာ Advanced Options ကတဆင့် Local ဆိုက်အတွက် အသုံးပြုမယ့် Domain နဲ့ ဝဘ်ဆိုက်ဖိုင်တွေ သိမ်းဆည်းမယ့်နေရာကို ရွေးချယ်ပေးနိုင်ပါတယ်။ အချိန်ကုန် သက်သာအောင် မူလအတိုင်းပဲ ထားနိုင်ပါတယ်။ Continue ကို နှိပ်ပြီး နောက်တစ်ဆင့်ကို သွားပါ။

Local asking site's name
Local asking site’s name

ဒုတိယအဆင့်မှာတော့ WordPress ဆိုက်အတွက် အသုံးပြုမယ့် Web Server Environment ကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ Nginx ကို Prefered အနေနဲ့ ကြိုတင် ရွေးချယ်ပေးထားပြီး Custom မှာဆိုရင်တော့ မတူညီတဲ့ PHP version သုံးမျိုး၊ Apache သို့မဟုတ် Nginx Web Server နဲ့ MySQL Database version နှစ်မျိုးတို့ကို စိတ်ကြိုက် ရွေးချယ် အသုံးပြုနိုင်ပါတယ်။ Continue ကို နှိပ်ပြီး နောက်ဆုံးအဆင့်ကို သွားပါ။

Choosing web server on Local
Choosing web server on Local

နောက်ဆုံး တတိယအဆင့်မှာတော့ WordPress မှာ သုံးမယ့် Username ၊ Password နဲ့ Email တို့ကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။ WordPress Multisite လုပ်ချင်သူများ Advanced Options မှာ ရွေးချယ်ပေးနိုင်ပါတယ်။ အဲဒီနောက် Add Site ကို နှိပ်ပါ။

WordPress setup on Local
WordPress setup on Local

ခုဆိုရင် ဆိုက်အတွက် လိုအပ်တဲ့ Web Server Environment ပြင်ဆင်ခြင်း၊ Database တည်ဆောက်ခြင်း၊ နောက်ဆုံးထွက် WordPress ကို Download ရယူကာ Install ပြုလုပ်ခြင်း၊ Virtual Host ချိတ်ဆက်ခြင်း စတာတွေကို အလိုအလျောက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

Ubuntu User တွေကို ဒီအဆင့်မှာ Sudo Password တောင်းပါတယ်။

Local adding WordPress
Local adding WordPress

အထက်ကအဆင့်တွေ အကုန်ပြီးသွားရင် အောက်ဖော်ပြပါအတိုင်း Web Server အသင့် Run လျက်သား ပေါ်လာမှာ ဖြစ်ပါတယ်။ Visit Site ကို နှိပ်ပြီး အသစ်စက်စက် Local WordPress ဆိုက်ကို သွားရောက် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Running Local
Running Local

2 Comments

Leave a Reply