Local WordPress Development အတွက် မရှိမဖြစ် Plugin များ

Local WordPress Development လုပ်ချင်သူတွေအတွက် မရှိမဖြစ် အသုံးတည့်မယ့် Plugin အချို့ကို စုစည်းဖော်ပြ ပေးလိုက်ပါတယ်။
Plugins For Local WordPress Development
Plugins For Local WordPress Development

ပထမဆုံး ကွန်ပျူတာထဲက WordPress ဆိုက်မှာ Theme အသစ်တွေ စမ်းတဲ့အခါ လွယ်ကူစေမယ့် Plugin တစ်ခုကို ပြောပြချင်ပါတယ်။

WordPress Theme တစ်ခုရဲ့ ဒီဇိုင်း၊ လုပ်ဆောင်နိုင်စွမ်းနဲ့ ဘယ်လိုချိန်ညှိ အသုံးပြုရမယ် စတာတွေကို လေ့လာဆန်းစစ်နိုင်ဖို့ ဒေတာ ပြည့်ပြည့်စုံစုံ တင်ထားတဲ့ ဆိုက်တစ်ခုမှာ တင်ပြီး စမ်းကြည့်တာက အလွယ်ကူဆုံး ဖြစ်ပါလိမ့်မယ်။

ဒါကြောင့် ခုနောက်ပိုင်းထွက်တဲ့ Theme တစ်ချို့မှာ နမူနာဒေတာ အပြည့်အစုံနဲ့ ပြင်ဆင် ချိန်ညှိပြီးသား Starter Site သို့မဟုတ် Demo Content တွေပါ ထည့်ကြည့်လို့ရအောင် လုပ်ပေးလာကြတာ တွေ့ရပါတယ်။ ဒါပေမယ့် စမ်းကြည့်ချင်တဲ့ Theme မှာ Demo Content ရယ်လို့ အထွေအထူး ရှိမနေရင်လည်း စိတ်ပူစရာ မရှိပါဘူး။

WordPress Importer

WordPress ဆိုက်တစ်ခုမှာ နမူနာဒေတာတွေ အလွယ်တကူ ထည့်သွင်းနိုင်ဖို့ WordPress Importer Plugin ကို အသုံးပြုနိုင်ပါတယ်။ WordPress က တရားဝင် ညွှန်းထားတဲ့ Plugin ဖြစ်ပြီး Tools ထဲက Import မှာ WordPress ဆိုပြီး Download ချဖို့ တစ်ပါတည်း ပါပါတယ်။ သီးသန့် Install ပြုလုပ်ပြီးလည်း အသုံးပြုနိုင်ပါတယ်။

နမူနာဒေတာ အတွက် WordPress ရဲ့ Theme Unit Test Data File ကို အသုံးပြုနိုင်ပါတယ်။

အသုံးပြုပုံ အသေးစိတ်ကို https://codex.wordpress.org/Theme_Unit_Test မှာ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

ဒုတိယတစ်ခု အနေနဲ့ Theme တွေ Plugin တွေ စမ်းကြည့်ပြီးတိုင်းမှာ Local WordPress Website ကို installed လုပ်ပြီးခါစ နဂိုမူလ အခြေအနေအတိုင်း Reset ပြန်ချပေးနိုင်မယ့် plugin ဖြစ်ပါတယ်။

Page Builder လိုမျိုး Plugin အကြီးစား တစ်ခုခု စမ်းကြည့်ပြီးတဲ့အခါ၊ Theme တစ်ခုမှာ ပါလာတဲ့ Demo Content တွေ ထည့်ကြည့်ပြီးတဲ့အခါ Local Site ထဲမှာ နမူနာဒေတာတွေ၊ စမ်းခဲ့တဲ့ Theme သို့ Plugin အလိုက် Settings တွေ ကျန်ခဲ့ပါတယ်။

ဒါပေမယ့် Plugin အသစ် Theme အသစ် စမ်းမယ့်အခါတိုင်း WordPress Site တစ်ခု ထပ်လုပ်နေစရာတော့ မလိုအပ်လှပါဘူး။

WP Reset

WordPress ဆိုက်တစ်ခုမှာ မလိုအပ်တော့တဲ့ ဒေတာတွေ Settings တွေကို ရှင်းပြီး လွယ်လွယ်ကူကူ အစက ပြန်စလို့ရအောင် WP Reset Plugin ကို အသုံးပြုနိုင်ပါတယ်။ အသုံးပြုရ လွယ်ကူပြီး WordPress ဆိုက်တစ်ခုကို installed လုပ်ပြီးခါစ နဂိုမူလ အခြေအနေအတိုင်း ပြန်သုံးနိုင်စေမှာ ဖြစ်ပါတယ်။

နာမည်ကြီး WordPress Plugin တွေရဲ့ ထုံးစံတိုင်း ပိုကောင်း၊ ပိုစုံတဲ့ Pro version ရှိနေပေမယ့် အခမဲ့ရယူနိုင်တဲ့ ဗားရှင်းနဲ့တင် အတော်လေး အဆင်ပြေပြေ အသုံးပြုနိုင်တာ တွေ့ရပါတယ်။

နောက်ဆုံး တစ်ခုကတော့ WordPress ဝဘ်ဆိုက်တစ်ခုကို တစ်နေရာက တစ်နေရာ အလွယ်တကူ ကူးယူ ပြောင်းရွှေ့ နိုင်စေမယ့် Plugin ဖြစ်ပါတယ်။

WordPress ဆိုက်တစ်ခုကို Local မှာ စိတ်ကြိုက် ပြင်ဆင်ပြီးမှ Hosting ပေါ် အသင့်တင်ချင်သူတွေ၊ Hosting တစ်ခုကနေ တစ်ခု ပြောင်းချင်သူတွေ၊ ရှိရင်းစွဲဆိုက်ကို Backup လုပ်ချင်သူတွေ အဖို့ သမရိုးကျ လုပ်ရမယ့်အဆင့်တွေ မနည်းလှပါဘူး။

ဒါပေမယ့် Database ၊ Media File တွေနဲ့ Plugin တွေပါ မကျန် WordPress ဆိုက်တစ်ခုလုံးကို ပုံစံမပျက် အကုန်ကူးယူနိုင်ဖို့ လွယ်ကူတဲ့ နည်းလမ်းတစ်ခုတော့ ရှိပါတယ်။

Duplicator

WordPress ဆိုက်တစ်ခုလုံးကို ပွားယူပြီး အလိုရှိရာ နေရာမှာ လွယ်လွယ်ကူကူ ပြန် install လုပ်လို့ရအောင် Duplicator Plugin ကို အသုံးပြုနိုင်ပါတယ်။ ဆိုက်တစ်ခုလုံးရဲ့ ဒေတာတွေ ဖိုင်တွေအကုန် ကူးယူနိုင်တာဖြစ်လို့ Local WordPress Development လုပ်သူတွေအတွက် လိုရမည်ရ ထည့်သွင်းထားသင့်တဲ့ အသုံးတည့် Plugin တစ်ခု ဖြစ်ပါတယ်။

One comment

Leave a Reply