MPL-MM S5 Regular Season ပွဲစဉ်ဇယား

ရက်အနည်းငယ် ရွေ့ဆိုင်းခဲ့ရတဲ့ MPL-MM S5 Regular Season ရဲ့ ပွဲစဉ် အချိန်ဇယားများ ထွက်ရှိလာပြီ ဖြစ်ပါတယ်။

ရက်အနည်းငယ် ရွေ့ဆိုင်းခဲ့ရတဲ့ MPL-MM S5 Regular Season ရဲ့ ပွဲစဉ် အချိန်ဇယားများ ထွက်ရှိလာပြီ ဖြစ်ပါတယ်။

MPL-MM S5 Teams
MPL-MM S5 Teams (Credit: Mobile Legends: Bang Bang – MM)

MPL-MM S5 ပွဲစဉ်များကို စက်တင်ဘာ ၂၆ ရက်ကနေ အောက်တိုဘာ ၁၈ ရက်နေ့အထိ လေးပတ်တိုင်တိုင် စနေ၊ တနင်္ဂနွေနေ့များမှာ ကျင်းပသွားမှာ ဖြစ်ပြီး ပွဲစဉ်များအားလုံးကို Mobile Legends: Bang Bang – MM Facebook Page ကနေ တိုက်ရိုက်ထုတ်လွှင့် ပြသသွားမှာ ဖြစ်ပါတယ်။

MPL-MM S5 ပွဲစဉ်များမှာ ဖိတ်ခေါ်အသင်း သုံးသင်း – Burmese Ghouls, Yangon Galacticos, Lord (Team Reslection) နဲ့ လက်ရည်စစ်ပွဲအောင် ငါးသင်း – Claw Esports, Ronin, Divine Era Esports, Pyramid Warload (Fearless Warload), Resurgence (Infinity Crew Esports) စုစုပေါင်း ရှစ်သင်း ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

အမည်ပြောင်း ယှဉ်ပြိုင်သွားမယ့် အသင်းတွေရဲ့ (အမည်ဟောင်း) တွေကို ကွင်းစကွင်းပိတ်နဲ့ ဖော်ပြပေးထားပါတယ်။

  • MPL-MM S5 Weak 1 Schedule
  • MPL-MM S5 Weak 2 Schedule
  • MPL-MM S5 Weak 3 Schedule
  • MPL-MM S5 Weak 4 Schedule

Mobile Legends မှာ ပြီးခဲ့တဲ့ ရက်ပိုင်း (စက်တင်ဘာ ၂၂) ကမှ Project NEXT ရဲ့ အပိုင်းတစ်ခုအနေနဲ့ Hero Revemp တွေ၊ မြေပုံနဲ့ Item တွေအတွက် အကြီးစား ဖြည့်စွက်ပြင်ဆင် ပြောင်းလဲမှုတွေ ပြုလုပ်ထားတာမို့ ယခု ကျင်းပမယ့် MPL-MM S5 ပွဲစဉ်တွေမှာ ကစားပုံ အသွင်သစ်၊ အမြင်သစ်တွေ တွေ့ရှိရတော့မှာ ဖြစ်ပါတယ်။

Leave a Reply