MPL-MM S5 တွင် Burmese Ghouls ဗိုလ်စွဲ

Burmese Ghouls အသင်း သည် သုံးနှစ်ဆက်တိုက် MPL-MM ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီး MPL သမိုင်းတစ်လျှောက် စံချိန်သစ်ကို ရေးထိုးနိုင်ခဲ့ခြင်း ဖြစ်သည်။

ယနေ့ (နိုဝင်ဘာ ၁) တွင် ကျင်းပပြုလုပ်သော MPL-MM Season 5 ၏ Grand Final တွင် Burmese Ghouls အသင်းက Ronin Esports အသင်းကို 3 – 0 ရလဒ်ဖြင့် အနိုင်ရရှိပြီး ချန်ပီယံဆုကို ဆွတ်ခူးခဲ့သည်။

Burmese Ghouls
Burmese Ghouls (Credit: Mobile Legends: Bang Bang – MM)

Burmese Ghouls အသင်းသည် အမှတ်ပေးပွဲစဉ် နောက်ဆုံးပွဲတွင် Ronin Esports ကို 2 – 0 ဖြင့် ရှုံးနိမ်ခဲ့ကာ ဒုတိယနေရာဖြင့် ကျေနပ်ခဲ့ရသည်။ ထို့နောက် အောက်တိုဘာ ၃၁ ရက်နေ့ ရှုံးထွက်အဆင့် Upper Bracket Final တွင် Ronin အသင်းကိုပင် 2 – 0 ရလဒ်ဖြင့် အနိုင်ယူကာ Grand Final ကို တက်ရောက်ခဲ့သည်။

Ronin Esports အသင်း အနေဖြင့် Lower Bracket Final တွင် Yangon Glacticos အသင်းကို 2 – 0 ဖြင့် အနိုင်ယူပြီး Grand Final သို့ ပြန်လည် တက်ရောက်လာနိုင်ခဲ့သည်။

Burmese Ghouls အသင်း သည် သုံးနှစ်ဆက်တိုက် MPL-MM ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီး MPL သမိုင်းတစ်လျှောက် စံချိန်သစ်ကို ရေးထိုးနိုင်ခဲ့ခြင်း ဖြစ်သည်။ BG အသင်းသည် Grand Final ပွဲစဉ် တစ်လျှောက် လူစာရင်း အပြောင်းအလဲ မရှိ ဆော့ကစားခဲ့သည်။

Leave a Reply