လက်တင်သုံးနိုင်မယ့် Raspberry Pi 400

Raspberry Pi 400 ကို ကီးဘုတ်-ကွန်ပြုတာလို့ ခေါ်ဆိုနိုင်မှာ ဖြစ်ပြီး ရှင်းလင်း ကျစ်လစ်တဲ့ ကီးဘုတ်အိမ် အတွင်းမှာ Raspberry Pi 4 ကို အခြေခံတဲ့ ကွန်ပြူတာယူနစ်ပါ တစ်ပါတည်း ထည့်သွင်း ဒီဇိုင်းပြုလုပ်ထားတာ ဖြစ်ပါတယ်။

၁၉၈၀ ခုနှစ်များဆီက ထွက်ရှိခဲ့တဲ့ အိမ်သုံးကွန်ပြူတာများကို နမူနာယူ ဒီဇိုင်းပြုလုပ်ထားတဲ့ Raspberry Pi 400 ဟာ ဒီရက်ပိုင်း (နိုဝင်ဘာ ၂) မှာ ထွက်ရှိလာခဲ့ပါတယ်။

Raspberry Pi 400
Raspberry Pi 400 (Credit: www.raspberrypi.org)

Raspberry Pi 400 ကို ကီးဘုတ်-ကွန်ပြုတာလို့ ခေါ်ဆိုနိုင်မှာ ဖြစ်ပြီး ရှင်းလင်း ကျစ်လစ်တဲ့ ကီးဘုတ်အိမ် အတွင်းမှာ Raspberry Pi 4 (4 GB version) ကို အခြေခံတဲ့ ကွန်ပြူတာယူနစ်ပါ တစ်ပါတည်း ထည့်သွင်း ဒီဇိုင်းပြုလုပ်ထားတာ ဖြစ်ပါတယ်။

Raspberry Pi 400 ကို အသုံးပြုမယ့်သူတွေ အနေနဲ့ ပါဝါကြိုးထိုးပြီး သက်ဆိုင်ရာ မော်နီတာနဲ့ မောက်စ်ကို ချိတ်ဆက်ကာ အဆင့်သင့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Raspberry Pi 400 Unit ဟာ ထွက်ရှိပြီးသား Raspberry Pi 4 ကို အခြေခံထားတာ ဖြစ်လို့ ယေဘုယျ စွမ်းဆောင်ရည် အများစု တူညီပေမဲ့ ကွဲလွဲချက် အနည်းငယ်လည်း ရှိနေပါတယ်။

Raspberry Pi 400
Raspberry Pi 400 (Credit: www.raspberrypi.org)

Raspberry Pi 400 Unit မှာ CPU Power 1.8 Ghz ရရှိမှာမို့ Pi 4 ထက် ၂၀ ရာခိုင်နှုန်းနီးပါး ပိုမြန်လာတယ်လို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် အပူထိန်းချုပ်ပေးမယ့် စနစ်လည်း တစ်ပါတည်း ပါဝင်လာပါတယ်။

Raspberry Pi 400 မှာ USB 2.0 တစ်ပေါက် လျော့သွားပြီး GPIO Header ကလည်း အလျားလိုက် အနေနဲ့ ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါအပြင့် 3.5 mm Jack လည်း မပါတော့ပါဘူး။

Raspberry Pi 400 Personal Computer Kit
Raspberry Pi 400 Personal Computer Kit (Credit: www.raspberrypi.org)

လက်ရှိမှာ Raspberry Pi 400 Unit ကို ဒေါ်လာ ၇၀ နဲ့ စတင်ရောင်းချနေပြီး ပါဝါကြိုး၊ မောက်စ်၊ micro HDMI to HDMI ကြိုး၊ Raspberry Pi OS သွင်းပြီးသား SD Card နဲ့ Raspberry Pi Beginner’s Guide (4th Edition) စာအုပ် ပါဝင်တဲ့ Raspberry Pi 400 Personal Computer Kit ကို တော့ ဒေါ်လာ ၁၀၀ နဲ့ ရောင်းချနေတာ ဖြစ်ပါတယ်။

Leave a Reply