Epic Games စတိုးရဲ့ အခမဲ့ဂိမ်း ၁၅ ခု စာရင်း ပေါက်ကြား

ဒီစာရင်းကို ပြင်သစ် ဝဘ်ဆိုက်တစ်ခုမှာ တစ်စွန်းတစ်စ ပေါက်ကြားခဲ့တဲ့ အမည်စာရင်းတွေနဲ့ တိုက်ဆိုင်ကြည့်ရာမှာလည်း တူညီနေပါတယ်။

Epic Games စတိုးက ဒီဇင်ဘာ ၁၇ ရက်ကနေ ၃၁ ရက်အထိ တစ်ရက် ဂိမ်းတစ်ခု အခမဲ့ ပေးသွားမယ့် အစီအစဉ်မှာ ပါဝင်လာနိုင်ဖွယ် ရှိတဲ့ ဂိမ်း ၁၅ ခုရဲ့ အမည်စာရင်း အပြည့်အစုံ ပေါက်ကြားမှု ဖြစ်ပွားခဲ့ပါတယ်။

@jovanmunja ဆိုတဲ့ Twitter Account ကနေ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ တင်ခဲ့တဲ့ Tweet က ပုံအရ –

  • ဒီဇင်ဘာ ၁၇ – Cities: Skylines
  • ဒီဇင်ဘာ ၁၈ – Oddworld: New n Tasty
  • ဒီဇင်ဘာ ၁၉ – The Long Dark
  • ဒီဇင်ဘာ ၂၀ – Defense Grid 1
  • ဒီဇင်ဘာ ၂၁ – Alien: Isolation
  • ဒီဇင်ဘာ ၂၂ – Metro 2033 (Metro Redux? ဖြစ်နိုင်)
  • ဒီဇင်ဘာ ၂၃ – Tropico 5
  • ဒီဇင်ဘာ ၂၄ – Inside
  • ဒီဇင်ဘာ ၂၅ – Darkest Dungeon
  • ဒီဇင်ဘာ ၂၆ – My Time in Portia
  • ဒီဇင်ဘာ ၂၇ – Night in the Woods
  • ဒီဇင်ဘာ ၂၈ – Stranded Deep
  • ဒီဇင်ဘာ ၂၉ – Solitairica
  • ဒီဇင်ဘာ ၃၀ – Torchlight II
  • ဒီဇင်ဘာ ၃၁ – Jurassic World Evolution

ဆိုပြီး Epic Games စတိုးက Holiday Sale ကာလအတွင်း ရက်အလိုက် အခမဲ့ ပေးသွားနိုင်ဖွယ်ရှိတဲ့ ဂိမ်းအမည်တွေကို တွေ့ရှိရပါတယ်။

Epic Games စတိုးက ပေးမယ့် အခမဲ့ဂိမ်းတွေနဲ့ ပတ်သက်ပြီး အွန်လိုင်းပေါ်မှာ ဒီဇင်ဘာလ ၁၇ ရက်နေ့ မတိုင်ခင်ကတည်းက ကောလာဟလ အချို့ ထွက်ရှိနေခဲ့ပေမယ့် ယခု ထွက်ပေါ်လာတဲ့ စာရင်းကတော့ ယနေ့ (ဒီဇင်ဘာ ၂၀ ရက်) အထိ စောင့်ကြည့် လေ့လာခဲ့ရာမှာ အတိအကျ မှန်ကန်နေခဲ့တာကို တွေ့ရပါတယ်။

ဒီစာရင်းကို Dealabs ဆိုတဲ့ ပြင်သစ် ဝဘ်ဆိုက်တစ်ခုမှာ တစ်စွန်းတစ်စ ပေါက်ကြားခဲ့တဲ့ အမည်စာရင်းတွေနဲ့ တိုက်ဆိုင်ကြည့်ရာမှာလည်း တူညီနေတာ တွေ့ရတာမို့ အတိုင်းအတာ တစ်ခုအထိ ယုံကြည်နိုင်ဖွယ် ရှိပါတယ်။

Leave a Reply