Facebook ကုမ္ပဏီ နာမည်အသစ် ပြောင်းဖွယ်ရှိ

Facebook ရဲ့ အသစ်ပြောင်းလဲနိုင်တဲ့ ကုမ္ပဏီနာမည်မှာ Horizon ဆိုတဲ့ စကားလုံး ပါဝင်နိုင်ကြောင်း ခန့်မှန်း ပြောဆိုနေတာတွေလည်း ရှိပါတယ်။


နာမည်ကျော် လူမှုကွန်ယက် Facebook ဟာ ကုမ္ပဏီနာမည် အသစ်ပြောင်းဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အောက်တိုဘာ ၂၈ မှာလုပ်မယ့် ပွဲ သို့မဟုတ် မတိုင်ခင်မှာ အသစ်ပြောင်းမယ့် အမည်ကို သိလာရလိမ့်မယ်လို့ ထင်ကြေးပေးနေကြပါတယ်။

Facebook Logo
Facebook Logo (Credit: Reuters)

Facebook ဆိုတာနဲ့ လူမှုကွန်ယက် ကုမ္ပဏီဆိုပြီး တွဲသိနေကြတာထက် AR, VR, Crypto စတဲ့ နည်းပညာသစ်တွေ ထွန်းကားလာမယ့် အနာဂတ် အင်တာနက်လောကနဲ့ ပိုပြီးလိုက်ဖက်တဲ့ ကုမ္ပဏီတစ်ခုအဖြစ် ကူးပြောင်းသွားဖို့ ရှိကြောင်း မက်ခ် ဇူကာဘတ်က ပြောခဲ့ဖူးပါတယ်။

လက်ရှိအချိန်မှာ Facebook လုပ်ဆောင်နေခဲ့တဲ့ စီးပွားရေး အမူအကျင့်တွေနဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့အစည်းပိုင်းက ဖိအားတွေ ရှိနေတဲ့အပြင် သတင်းတစ်ခုခု ထွက်ပေါ်လာတဲ့အခါတိုင်း မိခင်ကုမ္ပဏီကို အနည်းနဲ့အများ ထိခိုက်နေတဲ့အတွက် ပြောင်းတာမျိုး ဖြစ်နိုင်တယ်လို့လည်း သုံးသပ်ရပါတယ်။

ခုလို နာမည်ကြီးတွေက မိခင်ကုမ္ပဏီ နာမည်ပြောင်းတဲ့ဖြစ်စဉ်ဟာ ဒါ ပထမဆုံး မဟုတ်ပါဘူး။ ၂၀၁၅ ခုနှစ်တုန်းကလည်း Google ဟာ သူရဲ့ မိခင်ကုမ္ပဏီအမည်ကို Alphabet လို့ ပြောင်းခဲ့ပြီး ဖြစ်ပါတယ်။

Facebook ရဲ့ အသစ်ပြောင်းလဲနိုင်တဲ့ ကုမ္ပဏီနာမည်မှာ Horizon ဆိုတဲ့ စကားလုံး ပါဝင်နိုင်ကြောင်း အချက်အလက်အချို့ကို အခြေခံပြီး ခန့်မှန်း ပြောဆိုနေတာတွေလည်း ရှိပါတယ်။

Leave a Reply