Epic Games စတိုးက ဂိမ်း ၁၅ ခု အခမဲ့ ပေးမယ်

မနှစ်ကလည်း လူတိုင်းကို ၁၀ ဒေါ်လာတန် လျှော့ဈေး ကူပွန်တစ်ခု အပြင် တစ်ရက်ကို ဂိမ်းတစ်ခုနှုန်းနဲ့ ဂိမ်း ၁၂ ခု အထိ အခမဲ့ ပေးသွားခဲ့ဖူးပါတယ်။

ကွန်ပြူတာဂိမ်းတွေ အခမဲ့ ပေးရာမှာ နာမည်ကျော်တဲ့ Epic Games စတိုးမှာ လာမယ့် ဒီဇင်ဘာ ၁၇ ရက်ကနေ ၃၁ ရက်အထိ ဂိမ်း ၁၅ ခု အခမဲ့ ပေးသွားမယ့် အစီအစဉ် ရှိနေပါတယ်။

The Epic Games Store 2020 Holiday Sale (Credit: Epic Games Store)
The Epic Games Store 2020 Holiday Sale (Credit: Epic Games Store)

ဒါဟာ Epic Games စတိုးက အားလပ်ရက် ဈေးရောင်းပွဲ အစီအစဉ်ရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်ပြီး မနှစ် (၂၀၁၉) ခုနှစ်ကလည်း လူတိုင်းကို ၁၀ ဒေါ်လာတန် လျှော့ဈေး ကူပွန်တစ်ခု အပြင် တစ်ရက်ကို ဂိမ်းတစ်ခုနှုန်းနဲ့ ဂိမ်း ၁၂ ခု အထိ အခမဲ့ ပေးသွားခဲ့ဖူးပါတယ်။

ဒီနှစ်မှာတော့ ဂိမ်းတွေကို ၇၅ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးသွားမယ့် အပြင် ဒီဇင်ဘာ ၁၇ ရက်ကနေ ၃၁ ရက်အထိ (၁၅ ရက်တိုင်တိုင်) တစ်ရက်ကို ဂိမ်းတစ်ခုနှုန်းနဲ့ ဂိမ်း ၁၅ ခု အခမဲ့ လက်ဆောင် ပေးသွားမယ်လို့ ဆိုပါတယ်။

အခမဲ့ပေးတဲ့ ဂိမ်းတစ်ခုကို ၂၄ နာရီအတွင်းပဲ ရယူနိုင်တာ ဖြစ်တာမို့ တစ်ရက်တစ်ခါ Log In ဝင်ပြီး ရယူဖို့ လိုပါလိမ့်မယ်။

လက်ရှိ Epic Games စတိုးမှာ Pillars of Eternity – Definitive Edition နဲ့ Tyranny – Gold Edition ဂိမ်းနှစ်ခုကို ဒီဇင်ဘာ ၁၇ ရက်နေ့အထိ အခမဲ့ ပေးထားပါတယ်။

Leave a Reply