ကွန်ပြူတာ နည်းပညာ အခမဲ့ သင်ယူလေ့လာနိုင်မယ့် ရင်းမြစ်များ

နွေဦးတော်လှန်ရေး ကာလမှာ ကျောင်းသူကျောင်းသားတွေနဲ့ လူငယ်လူရွယ်တွေ လေ့လာသင်ယူမှု အဆက်ပြတ်မသွားစေဖို့ ကွန်ပြူတာ နည်းပညာနဲ့ ပတ်သက်ပြီး အွန်လိုင်းကတဆင့် အခမဲ့ လေ့လာသင်ယူနိုင်မယ့် ရင်းမြစ်အချို့ကို လိုတိုရှင်း မိတ်ဆက်ပေးလိုက်ပါတယ်။

Courses

CS50 – Introduction to Computer Science

CS50 Website Homepage
CS50 Website

ဟားဗတ် တက္ကသိုလ်က ပို့ချတဲ့ ကွန်ပြူတာသိပ္ပံ မိတ်ဆက်သင်တန်းဖြစ်ပါတယ်။ သင်တန်းမှာ Abstraction, Algorithms နဲ့ Data Structure စတဲ့ ကွန်ပြူတာသိပ္ပံ သဘောတရားတွေ အပါအဝင် Scratch, C, HTML, CSS, JavaScript, Python, SQL စတဲ့ Language တွေကို အခြေခံကျကျ လေ့လာသင်ယူနိုင်မှာ ဖြစ်ပါတယ်။

CS50 အတန်းရဲ့ ပင်မ ဝဘ်ဆိုက်လိပ်စာက https://cs50.harvard.edu/ ဖြစ်ပြီး ပြင်ပက သင်ယူလေ့လာသူများအနေနဲ့ https://cs50.edx.org ကနေ အခမဲ့ စာရင်းသွင်း သင်ကြားနိုင်ပါတယ်။

CS50 ရဲ့ သင်ခန်းစာတွေဟာ ခက်သယောင် ထင်ရပေမယ့် အသေအချာ အာရုံစူးစိုက်နိုင်ရင် အဆင်ပြေသွားပါလိမ့်မယ်။ တက္ကသိုလ်ဝင်တန်းအရွယ် လေ့လာသူတွေသူတွေအတွက် သင့်လျော်ပါတယ်။

Free Code Camp – Learn to code – for Free

Responsive Web Design by Free Code Camp
Responsive Web Design by Free Code Camp

Free Code Camp ဟာ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး သူတို့ရဲ့ ဝဘ်ဆိုက်မှာ Coding သင်ခန်းစာပေါင်း ခြောက်ထောင်ကျော်ကို အခမဲ့ လေ့လာသင်ယူနိုင်ပါတယ်။ အဲဒီအထဲကမှ Responsive Web Design သင်တန်းဟာ Web Development ကို စတင် လေ့လာနေသူတွေအတွက် အထူးသင့်လျော်ပါတယ်။

Free Code Camp မှာ Web Development သာမက အခြားစိတ်ဝင်စားစရာ ကဏ္ဍတွေကိုလည်း အခြေခံကနေ လေ့လာသင်ယူနိုင်ပါတယ်။ သက်ဆိုင်ရာ သင်ရိုးအလိုက် Certificate ထုတ်ပေးတဲ့ အစီအစဉ်လည်း ရှိပါတယ်။

Books

Invent Your Own Computer Games with Python – Al Sweigart

Invent Your Own Computer Games with Python Website
Invent Your Own Computer Games with Python Website

အခြေခံ Programming သဘောတရားတွေကို Python language နဲ့ ဂိမ်းကလေးတွေရေးရင်း တဆင့်ချင်း ရှင်းပြသင်ကြားသွားမယ့် စာအုပ်ဖြစ်ပါတယ်။ စတင်လေ့လာနေသူတွေအတွက် သင့်လျော်ပါတယ်။

Al Sweigart ဟာ သူရေးထားတဲ့ Python နဲ့ ပတ်သက်တဲ့ စာအုပ်အချို့ကို https://inventwithpython.com အခမဲ့ ဖတ်ရှုလို့ရအောင် တင်ထားပေးပါတယ်။ သူရဲ့ Automate the Boring Stuff with Python နဲ့ Invent Your Own Computer Games with Python စာအုပ်တွေဟာ နာမည်ကျော်ကြားပြီး ဖော်ပြပါ ဝဘ်ဆိုက်မှာ အခမဲ့ ဖတ်ရှုနိုင်ပါတယ်။

Eloquent JavaScript – Marijn Haverbeke

Eloquent JavaScript Book Website
Eloquent JavaScript Book Website

Marijn Haverbeke ရေးတဲ့ Eloquent JavaScript စာအုပ်ဟာ JavaScript ကို လေ့လာလိုက်စားသူတိုင်း မဖတ်မဖြစ် စာအုပ်တစ်အုပ်လို့ နာမည်ကျော်ပါတယ်။ ယခုဖော်ပြပါ ဝဘ်ဆိုက်မှာ အခမဲ့ ဖတ်ရှုနိုင်ပြီး E-book အနေနဲ့လည်း အခမဲ့ Download ရယူနိုင်ပါတယ်။

ဒီစာအုပ်ကို အွန်လိုင်းမှာ ဖတ်တဲ့အခါ Interactive version ဖြစ်တာမို့ code တွေကို တစ်ခါတည်း run ကြည့်လို့ ရပါတယ်။ စာလေးတာကို မဖတ်ချင်သေးရင်တော့ MDN ကိုပဲ အရင်ညွှန်းပါတယ်။

Books (in Burmese)

Programming Basic with Python – Saturngod

Books by Saturngod
Books by Saturngod

Programming ကို စတင်လေ့လာနေသူများအတွက် မြန်မာဘာသာနဲ့ လေ့လာဖတ်ရှုနိုင်မယ့် စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဒီစာအုပ်မှာ Programming အခြေခံ သဘောတရားတွေကို Python Programming Language အသုံးပြုပြီး ရှင်းပြ ရေးသားထားတာ ဖြစ်ပါတယ်။

လူသိများတဲ့ Blogger နဲ့ Developer စေတန်ဂေါ့ဒ် (ခ) ကိုထိန်လင်းရွှေ ရေးသားထားတဲ့ ဒီစာအုပ်ကို အွန်လိုင်းမှာ အခမဲ့ ဖတ်ရှုနိုင်သလို စာအုပ်ဆိုင်တွေမှာလည်း ဝယ်ယူနိုင်ပါတယ်။

Professional Web Devleoper – Ei Maung

Professional Web Developer Website
Professional Web Developer Website

Programming အခြေခံရှိပြီး Web Development ကို စတင် လေ့လာချင်သူများ ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။ HTML, CSS, JavaScript, jQuery, PHP, MySQL, Laravel စတဲ့ ဝဘ်နည်းပညာများကို အခြေခံစပြီး တစ်စုတစ်စည်းတည်း ဖော်ပြထားတဲ့ စာအုပ် ဖြစ်ပါတယ်။ ပြည်တွင်းက လူသိများတဲ့ Developer နဲ့ သင်တန်းဆရာ ကိုအိမောင်ရဲ့ Professional Web Developer စာအုပ်ကို ဖော်ပြပါလိပ်စာမှာ PDF version အနေနဲ့ အခမဲ့ ရယူဖတ်ရှုနိုင်ပါတယ်။

စာရေးသူ ကိုအိမောင်ရဲ့ ဝဘ်ဆိုက် https://eimaung.com မှာ အခြား နည်းပညာစာအုပ်အချို့ကို အခမဲ့ ရယူနိုင်သလို နောက်ဆုံးထုတ် စာအုပ်များကိုလည်း မှာကြား ဝယ်ယူနိုင်ပါတယ်။

Docs

MDN Web Docs

MDN Web Docs
MDN Web Docs

နာမည်ကျော် Firefox Browser ရဲ့ မိခင်အဖွဲ့အစည်း ဖြစ်တဲ့ Mozilla ကနေ စီစဉ်ပြုစုထားတဲ့ ဝဘ်ဆိုက် ဖြစ်ပါတယ်။ Mozilla Developer Network (MDN) Web Docs မှာ Web Development ကို စတင်လေ့လာနေသူများအတွက် အခြေခံကစပြီး လေ့လာလို့ရနိုင်တဲ့ လမ်းညွှန်တွေ ရှိပါတယ်။

Python Wiki

Python Wiki
Python Wiki

Python Programming ကို စတင် လေ့လာလိုက်စားနေသူတွေအတွက် အသုံးတည့်မယ် စာအုပ်၊ သင်ခန်းစာ၊ ဗီဒီယိုသင်ခန်းစာတွေကို စုစည်းပေးထားတဲ့ တရားဝင် စာမျက်နှာ ဖြစ်ပါတယ်။ ယခုစာမျက်နှာကတော့ Programming ကို စတင်လေ့လာနေသူတွေအတွက် ရည်ရွယ်ပါတယ်။

Online Learning

edX – Free Online Course by Harvard, MIT, & more

edX Website
edX Website

ဟားဗတ်နဲ့ MIT အပါအဝင် ကမ္ဘာကျော် တက္ကသိုလ်ကြီးတွေမှာ ပို့ချတဲ့ ဘာသာရပ်ပေါင်းစုံ သင်ခန်းစာတွေကို အွန်လိုင်းကနေ အခမဲ့ စာရင်းသွင်း လေ့လာနိုင်တဲ့ ဝဘ်ဆိုက်ဖြစ်ပါတယ်။ edX Mobile App ကို iOs နဲ့ Android နှစ်မျိုးစလုံးအတွက် ရနိုင်ပါတယ်။

edX မှာ လေ့လာသင်ယူနေဆဲ သင်ခန်းစာတွေကို အလွယ်တကူ Download ရယူပြီး Offline ပြန်လည် ကြည့်ရှုနိုင်ပါတယ်။

Coursera – Build Skills with Online Courses from Top Institutions

Coursera Website
Coursera Website

Google နဲ့ IBM အပါအဝင် ကမ္ဘာကျော် နည်းပညာ ကုမ္ပဏီကြီးတွေနဲ့ နာမည်ရှိ တက္ကသိုလ်တွေက ပို့ချတဲ့ ဘာသာရပ်ပေါင်းစုံ သင်ခန်းစာတွေကို လေ့လာသင့်ယူနိုင်တဲ့ ဝဘ်ဆိုက်ဖြစ်ပါတယ်။ iOS နဲ့ Android နှစ်မျိုးစလုံးအတွက် Mobile App လည်း ရှိပါတယ်။

Grow with Google – Grow Your Skills & Prepare for New Jobs

Grow with Google Website
Grow with Google Website

နာမည်ကျော် Google ကုမ္ပဏီကပို့ချတဲ့ Digital Skills, IT Support နဲ့ Android Development စတဲ့ နည်းပညာ သင်ခန်းစာတွေကို လေ့လာသင်ယူပြီး Certificate ရယူနိုင်တဲ့ ဝဘ်ဆိုက်ဖြစ်ပါတယ်။

For Kids

Scratch – Imagine, Program, Share

Scratch Website
Scratch Website

Scratch ဟာ ဘလောက်ပုံစံ ပလိပ်ပြားလေးတွေ တစ်ခုနဲ့ တစ်ခုဆက်ပြီး အမြင်နဲ့တင် Program တွေ ရေးလို့ရတဲ့ Programming Language တစ်မျိုး ဖြစ်ပါတယ်။ https://scratch.mit.edu ဝဘ်ဆိုက်မှာ ပြည့်ပြည့်စုံစုံ ဝင်ရောက်လေ့လာနိုင်ပါတယ်။ ကလေးသူငယ်တွေနဲ့ Programming ကို စတင်လေ့လာနေသူတွေအတွက် သင့်လျော်ပါတယ်။

ကလေးသူငယ်တွေအတွက် ScratchJr App ကို iOS နဲ့ Android နှစ်မျိုးစလုံးမှာ ရနိုင်ပါတယ်။ Android Tablet တွေအတွက် Scratch App လည်း ရှိပါတယ်။

Khan Academy – Free Online Courses, Lessons & Practice

Khan Academy Website
Khan Academy Website

Khan Academy ဝဘ်ဆိုက်ဟာ မိဘ၊ ဆရာ၊ ကျောင်းသား အရွယ်သုံးပါးစလုံး သင်္ချာ၊ သိပ္ပံနဲ့ ကွန်ပြူတာစတဲ့ ဘာသာရပ်တွေကို ဝင်ရောက် လေ့လာသင်ယူနိုင်တဲ့ ဝဘ်ဆိုဒ်တစ်ခု ဖြစ်ပါတယ်။ iOS နဲ့ Android နှစ်မျိုးစလုံးအတွက် Mobile App လည်း ရှိပါတယ်။

မှတ်ချက်။ ။ အင်တာနက်ပေါ်ကနေ သင်ယူလေ့လာနိုင်တဲ့ နေရာတွေ များစွာထဲကမှ စတင်လေ့လာနေသူတွေအတွက် သင့်လျော်မယ်လို့ ယူဆတဲ့ ရင်းမြစ်အချို့ကို ယခုစာမျက်နှာမှာ လိုတိုရှင်း ထည့်သွင်းဖော်ပြထားတာ ဖြစ်ပါတယ်။ မရှင်းလင်းတာ၊ ဖြည့်စွက်ပြုပြင်သင့်တာတွေအတွက် လွတ်လပ်စွာ ဝေဖန်မှတ်ချက်ပြုနိုင်ပါတယ်။

Leave a Reply