နွေဦးတော်လှန်ရေးဖောင့် ထွက်ရှိ

နွေဦးတော်လှန်ရေး စာလုံးဒီဇိုင်းကို အခြေခံပြီး ပြုလုပ်ထားတဲ့ Spring Revolution Font (ခ) နွေဦးတော်လှန်ရေးဖောင့် စမ်းသပ်အဆင့် ထွက်ရှိလာပါတယ်။

နွေဦးတော်လှန်ရေး စာလုံးဒီဇိုင်း ပုံစံအတိုင်း အသုံးပြုနိုင်စေမယ့် Masterpiece Spring Revolution Font (ခ) နွေဦးတော်လှန်ရေးဖောင့် စမ်းသပ်အဆင့် ထွက်ရှိလာပါတယ်။

အရေးတော်ပုံကာလ အမှတ်သင်္ကေတတွေမှာ တခုတ်တရ ထည့်သွင်း အသုံးပြုကြတဲ့ နွေဦးတော်လှန်ရေး စာလုံးဒီဇိုင်းကို အရင်ခေတ် ဝတ္တုမဂ္ဂဇင်း သရုပ်ဖော်ပုံတွေမှာ ပန်းချီဆရာကြီးတွေ ရေးခဲ့ကြတဲ့ ပုံစံအတိုင်း ဂရပ်ဖစ်ဒီဇိုင်း အေဂျင်စီ Donato က ဖန်တီးရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

Myanmar Spring Revolution Logo by Donato
Myanmar Spring Revolution Logo by Donato

Donato ရဲ့ ဒီဇိုင်းကို အခြေခံပြီး ရှိပြီးသားစကားလုံးတွေနဲ့ လိုက်ဖက်ညီမယ့် စာလုံးပုံစံ အသစ်တွေ ဖြည့်စွက်ကာ ကိုတင်မျိုးထက်က Masterpiece Sprint Revolution Font (ယူနီကုတ်ဖောင့်) အဖြစ် ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

Masterpiece Spring Revolution Font on Inkscape
Masterpiece Spring Revolution Font on Inkscape. Image: Tin Myo Htet

လတ်တလောမှာ နွေဦးတော်လှန်ရေးဖောင့်ကို Windows နဲ့ Linux Operating System တွေက စာစီစာရိုက် ပရိုဂရမ်တွေ၊ ဂရပ်ဖစ် ပရိုဂရမ်တွေ အများစုမှာ အသုံးပြုလို့ ရမှာဖြစ်ပြီး နောက် Update တွေမှာတော့ macOS အတွက်ပါ ထည့်သွင်းပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

Masterpiece Spring Revolution Font Downloadhttps://sourceforge.net/projects/prahita/

Inkscape ဂရပ်ဖစ်ဆော့ဖ်ဝဲလ်ကို အသုံးပြုပြီး စာလုံးဒီဇိုင်းတွေ ဖန်တီးထားတဲ့ နွေဦးတော်လှန်ရေးဖောင့်ကို OFL လိုင်စင်ခံထားတာဖြစ်လို့ စီးပွားရေးလုပ်ငန်းတွေမှာ အခမဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Leave a Reply