Twenty Twenty WordPress Theme ရဲ့ လျှို့ဝှက်ချက်များ

Twenty Twenty WordPress Theme ကို အကောင်းဆုံး ပြင်ဆင် အသုံးပြုနိုင်မယ့် နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ရပါတယ်။

Twenty Twenty WordPress Theme ဟာ WordPress version 5.3 ကနေစလို့ Default Theme အဖြစ် ပါဝင်လာတဲ့ Minimalist Theme တစ်ခု ဖြစ်ပါတယ်။

လက်ရှိ WordPress ဆိုက်တွေအတွက် စံ Theme တစ်ခုလို့ ဆိုနိုင်တဲ့အပြင် နောက်ဆုံးထွက် WordPress CMS ရဲ့ စွမ်းဆောင်ရည်တွေကို မြင်သာအောင် ဖော်ကျူးပြသနိုင်တဲ့ Theme တစ်ခုလည်း ဖြစ်ပါတယ်။ WordPress ရဲ့ Gutenberg Block Editor နဲ့ အလိုက်ဖက်ဆုံး ပေါင်းစပ် အသုံးပြုနိုင်မယ့် Theme တစ်ခုလည်း ဖြစ်ပါတယ်။

ဒါကြောင့် Twenty Twenty WordPress Theme ကို အကောင်းဆုံး အသုံးပြုနိုင်မယ့် နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ရပါတယ်။

Starter Content ထည့်သွင်းခြင်း

Theme Demo မှာ ပြထားတဲ့ ပြတိုက်ဆိုက် နမူနာအတိုင်း Theme ကို အလွယ်တကူ Set up ပြုလုပ်နိုင်စေဖို့ Starter Content တွေ ပါရှိပြီး ဖြစ်ပါတယ်။

Twenty Twenty WordPress Theme Starter Content
Twenty Twenty WordPress Theme Starter Content

အဲဒီအတွက် Customizer ကို သွားပြီး Publish ခလုတ်ကို ဒီအတိုင်း နှိပ်ပေးလိုက်ရုံပါပဲ။

ဒါဆိုရင် Home Page အပါအဝင် သမရိုးကျ ဝဘ်ဆိုက်တစ်ခုမှာ ပါဝင်နေကျ Page အချို့နဲ့ Set up လုပ်ပြီးသား အနေအထားကို ရောက်သွားပါလိမ့်မယ်။ နမူနာ ဖြည့်သွင်းထားတဲ့ ပုံနဲ့စာတွေကို သင့်လျော်ရာ ပြောင်းလဲလိုက်တာနဲ့ အသင့် အသုံးပြုနိုင်တဲ့ ဝဘ်ဆိုက်တစ်ခုကို ရရှိမှာ ဖြစ်ပါတယ်။

ဒါပေမယ့် Installed ပြုလုပ်ပြီးခါစ ဘာပို့စ်မှ မတင်ရသေးတဲ့ အသစ်စက်စက် WordPress ဆိုက်တွေမှာပဲ Starter Content ထည့်သွင်းလို့ရမှာ ဖြစ်ပါတယ်။

Customizer ကို Dashboard Home Page ရဲ့ Welcome Box က Customize Your Site ဆိုတဲ့ ခလုပ်ကို နှိပ်ပြီး ဒါမှမဟုတ် ပုံမှန်အတိုင်း Appearance > Customize ကတဆင့် သွားနိုင်ပါတယ်။

မှတ်သားဖွယ်ရာ ပုံ အရွယ်အစားများ

Twenty Twenty Theme မှာ Featured Image အတွက် 1980px x 1485px နဲ့ ဆိုက် Logo အတွက် 240px x 180px အရွယ်အစား ပုံတွေ အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

Cover Template

Twenty Twenty Theme မှာ မျက်နှာပြင်ပြည့် Featured Image နောက်ခံနဲ့ သက်ဆိုင်ရာ Post သို့မဟုတ် Page ရဲ့ ခေါင်းစဉ်ကို ထင်ထင်ရှားရှား ပြသနိုင်တဲ့ Cover Template ဆိုတဲ့ Page Template ပါရှိပါတယ်။

Twenty Twenty WordPress Theme Cover Template
Twenty Twenty WordPress Theme Cover Template

Page သို့ Post ကို Edit လုပ်စဉ်မှာ ညာဖက်ခြမ်း Sidebar က Document Tab ကို ရွေးချယ်ပြီး Post/Page Attributes က Template နေရာမှာ Cover Template ကို ရွေးချယ်ပေးရပါမယ်။

ဒီ Page Template ရဲ့ အရောင်နဲ့ Effect တွေကို ပြင်ဆင်ချိန်ညှိနိုင်ဖို့ Customizer ထဲမှာ Cover Template ဆိုတဲ့ Tab ပါဝင်ပါတယ်။

Twentig

Twenty Twenty Theme ရဲ့ ဒီဇိုင်းဖွဲ့စည်းပုံဟာ အဖွဲ့အစည်းတွေနဲ့ စီးပွားရေး လုပ်ငန်းတွေရဲ့ ဝဘ်ဆိုက်တွေမှာ အဆင်ပြေပြေ အသုံးပြုနိုင်သလို သမရိုးကျ ဘလော့ဂ်ဆိုက်တွေမှာလည်း အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် Content များများ တင်ဆက်တတ်တဲ့ ခေတ်ပေါ် ဘလော့ဂ်ဆိုက်တွေ အတွက်တော့ လုံလောက်လှတယ် မဆိုနိုင်ပါဘူး။ ဒါ့အပြင် ပြင်ဆင်ချိန်ညှိဖို့ အတွက်လည်း ရိုးစင်းလှတဲ့ ရွေးချယ်စရာတွေပဲ ပါဝင်တာကို တွေ့ရပါတယ်။

Twenty Twenty WordPress Theme ကို အသုံးဝင်တဲ့ ထပ်တိုး လုပ်ဆောင်ချက်တွေနဲ့ စိတ်ကြိုက် ပြောင်းလဲပြင်ဆင် အသုံးပြုနိုင်ဖို့ Twentig Plugin ကို အသုံးပြုနိုင်ပါတယ်။

Twentig Plugin ကို အသုံးပြုခြင်းဖြင့် Header နဲ့ Footer ပုံစံအသစ်၊ လုပ်ဆောင်ချက်အသစ်များ၊ ခေတ်စားတဲ့ Grid နဲ့ Card စတိုင် အပါအဝင် Blog Layout အမျိုးမျိုး၊ ဝဘ်စာမျက်နှာ တစ်ခုလုံးကို Block Editor နဲ့တင် စိတ်ကြိုက်ဒီဇိုင်း ဆင်နိုင်စေမယ့် Custom Page Template ၊ Google Fonts အသုံးပြုခြင်းနဲ့ Custom 404 Page စတာတွေလို ထပ်တိုးလုပ်ဆောင်ချက်တွေ အပါအဝင် ရှိရင်းစွဲကို အဆင့်မြှင့်တင်ပေးထားတဲ့ လုပ်ဆောင်ချက်တွေကိုပါ Twenty Twenty Theme မှာ လွယ်ကူစွာ ရရှိလာမှာ ဖြစ်ပါတယ်။

Leave a Reply