Genshin Impact က အမည်မဲ့ကျွန်းရဲ့ လျှို့ဝှက်ချက်များ

Genshin Impact က အမည်မဲ့ကျွန်းနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ အကြောင်းအရာလေးတွေ ပြောပြချင်ပါတယ်။

Genshin Impact က အမည်မဲ့ကျွန်းဟာ မြေပုံမှာ တည်နေရာ ပေါ်မနေတာရယ်၊ သွားလာဖို့ ခက်ခဲတာရယ်ကြောင့် အစပိုင်းမှာ လျှို့ဝှက်ကျွန်းလို့ တင်စားကြပေမယ့် ခုချိန်မှာတော့ လူတိုင်းသိတဲ့ နေရာတစ်ခု ဖြစ်နေပါပြီ။

Genshin Impact Secret Island Map
Genshin Impact Secret Island Map

Mondstadt မြို့ရဲ့ အရှေ့မြောက်စူးစူး မှာရှိတဲ့ Starsnatch Cliff ကမ်းပါး သို့မဟုတ် Stormbearer Point အစွန်အဖျားကနေ လှမ်းကြည့်ရင် ရေပြင်ကျယ်ကြီးထဲမှာ အမည်မဲ့ကျွန်းကို ခပ်ပျပျ မြင်နေရပါလိမ့်မယ်။ လက်ရှိမြေပုံမှာ ကစားနိုင်တဲ့ဧရိယာရဲ့ အနားသပ်မျဉ်းနားအထိ ရောက်လုမတတ် ပါပဲ။

ကျွန်းပေါ်မှာ Anemoculus တစ်လုံး၊ Luxurious Chest တစ်လုံး အပါအဝင် အခြား Chest တွေနဲ့ Time and the Wind လို့ခေါ်တဲ့ Hidden Quest တစ်ခု ရှိပါတယ်။ ဂဏန်း တော်တော်ပေါတဲ့ ကျွန်းလည်း ဖြစ်ပါတယ်။ ကျွန်းပေါ်ရောက်တာနဲ့ “Seeds of Stories, Brought By the Wind…” ဆိုတဲ့ Achievement ပွင့်မယ့်အပြင် အခြား အခွင့်အလမ်းတွေလည်း ရှိပါတယ်။

ကျွန်းပေါ်ရောက်ဖို့ ရေခဲနိုင်တဲ့ Cryo Chracter ကို အသုံးပြုနိုင်သလို လေဟုန်စီးပြီးလည်း သွားနိုင်ပါတယ်။

ဂိမ်းရဲ့ အားနည်းချက်ကြောင့် ပင်လယ်ရေအောက်ကနေ သွားနိုင်တဲ့ Glitch လမ်းကြောင်း တစ်ခု ခုတစ်လော ပျံ့နှံ့နေပေမယ့် အမြဲတမ်း အသုံးပြုနိုင်မှာမျိုး မဟုတ်တာကြောင့် အားမပေးပါဘူး။

Genshin Impact ကို ခုမှ စကစားတဲ့သူတွေ၊ Adeventure Rank နည်းသူတွေနဲ့ လေဟုန်စီးဖို့ Stamina (သက်လုံ) မလောက်နိုင်တဲ့ သူတွေအတွက် Cryo Chracter ဖြစ်တဲ့ Kaeya ကို အသုံးပြုဖို့ အကြံပြုချင်ပါတယ်။

Kaeya - Genshin Impact
Kaeya (Credit: Genshin Impact)

Kaeya ရဲ့ Elemental Skill – Frostgnaw ဟာ ရေမျက်နှာပြင်ကို ခဲပြီး လမ်းလျှောက်နိုင်တဲ့ ဧရိယာတစ်ခု ရစေပါတယ်။ Cooldown ကြာမြင့်ချိန် တိုတောင်းပြီး စဉ်ဆက်မပြတ် ဆိုသလို အသုံးပြုနိုင်လို့ စိတ်ရှည်လက်ရှည် ချိန်ဆသုံးတတ်ရင် ကျွန်းကိုအရောက် သွားနိုင်ပါတယ်။

Kaeya သုံးပြီး ကျွန်းကို သွားတဲ့အခါ Stormbearer Point နဲ့ Starsnatch Cliff ကြား ကမ်းခြေကနေ စထွက်ပါ။ စထွက်ထွက်ချင်း ကမ်းခြေတစ်ဝိုက်က ကျောက်ဆောင် တစ်ခုမှာတင် Chest တစ်လုံး ရှိနေတာမို့ ရှာဖွေရယူဖို့ မမေ့ပါနဲ့။

လေဟုန်စီး သွားမယ့်သူတွေ အတွက်တော့ Starsnatch Cliff အစွန်းကနေ သွားဖို့ အကြံပြုချင်ပါတယ်။ ဒါပေမယ့် မသွားခင်မှာ ကြိုတင်ပြင်ဆင်မှု တစ်ချို့တော့ ပြုလုပ်ရမှာ ဖြစ်ပါတယ်။

ပထမဆုံး Gliding မှာ Stamina စားတာ ၂၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်မယ့် Passive Talent ရှိတဲ့ Character ကို ကျွန်းပေါ်သွားမယ့် ပါတီထဲ ထည့်ပါ။

လူအများစုအတွက် Amber က အဆင့်သင့် ရှိနေပြီးသားပါ။ ဆုတောင်းကောင်းသူများ Venti ကို သုံးနိုင်ပါတယ်။

Amber - Genshin Impact
Amber (Credit: Genshin Impact)

ပြီးရင်တော့ Stamina အသုံး လျှော့ချပေးတဲ့ စားစရာတစ်ခုခု စားထားပါ။ ဒီနေရာမှာ ဆိုင်က ဝယ်တာ သို့မဟုတ် Quest တစ်ခုခုက ရထားတာကို အသင့် စားလိုက်နိုင်ပေမယ့် မသိသေးသူများအတွက် တစ်ချက်ခုတ် နှစ်ချက်ပြတ် နည်းလမ်းတစ်ခုလည်း ရှိပါသေးတယ်။

Stormbearer Point အစွန်းက Vind ဆိုတဲ့ အမျိုးသမီးဆီ စကား သွားပြောလိုက်ရင် Barbatos Ratatouille ဟင်းချက်နည်း ကို ရပါလိမ့်မယ်။ Barbatos Ratatouille ဟာ ၁၅ မိနစ်တိုင်အောင် ပြေးတာနဲ့ လေဟုန်စီးတာမှာ Stamina အသုံး သက်သာစေမယ့် ဟင်းတစ်ခွက် ဖြစ်ပါတယ်။

လေဟုန်စီးသူများ ကျွန်းပေါ် အရောက် လေဟုန်စီးသွားနိုင်ရင် It’s the Same As Having Wings နဲ့ Golden Gliding License ဆိုတဲ့ Achievement နှစ်ခု ပွင့်နိုင်ပါတယ်။

Golden Gliding License Achievement
Golden Gliding License Achievement

ကျွန်းပေါ်ရောက်ရင် နေနာရီရဲ့ ဘေးနားက တိုင်တစ်တိုင်ပေါ်တက်၊ လေဟုန်စီးပြီး Anemoculus ကို ယူနိုင်ပါတယ်။ Luxurious Chest ကတော့ နေနာရီအောက် နံရံချိုင့်ခွက်ထဲမှာမို့ ရေထဲ ဆင်းယူမှ ရမှာပါ။ ကျွန်းပေါ်အတက် အဝင်ဝမှာလည်း မိုင်းတူးပြီး ယူနိုင်တဲ့ Exquisite Chest တစ်လုံး ရှိပါသေးတယ်။

Hidden Quest အတွက် စာအညွှန်းကိုတော့ နေနာရီရဲ့ ညာဘက်ဘေး ကမ်းခြေမှာရှိတဲ့ ကျောက်ပုံကို ဖြိုဖျက်ပြီး ရယူရမှာ ဖြစ်ပါတယ်။ Quest က သုံးဆင့်ရှိပြီး ကျွန်းပေါ်မှာ နှစ်ဆင့် လုပ်ရပါမယ်။

အဲဒီအတွက် အရင်ဆုံး ရနိုင်တာတွေ အကုန်ယူထားပါ။

Time and the Wind

ပထမအဆင့် – မနက် နှစ်နာရီကနေ ငါးနာရီအတွင်း ကျွန်းပေါ်က နေရာသုံးနေရာမှာ ရှိတဲ့ စွမ်းအင်လုံးတွေကို Vision အသုံးပြု ရှာဖွေပြီး ဖျက်ဆီးပစ်ရပါမယ်။ ဒီအဆင့်မှာ ကျွန်းပေါ်မှာ အသက်မဲ့နေတဲ့ Ruin Guard တွေ အသက်ဝင်လာပြီမို့ သတိထား ရှောင်ရှား သို့မဟုတ် အနိုင်တိုက်ခိုက်ပြီး ပေးထားချက်ကို အချိန်မီ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ဒုတိယအဆင့် – ကျွန်း အလယ်ဗဟို အကွက် ထောင့်လေးထောင့်က စွမ်းအင်လုံးတွေနဲ့ အလယ်တည့်တည့်က စွမ်းအင်လုံးကြီးကို Vision အသုံးပြု ဖျက်ဆီးရမှာ ဖြစ်ပါတယ်။ ထောင့်တစ်ထောင့်ကို ဖျက်ဆီးလိုက်တာနဲ့ Slime တွေ ထွက်ပေါ် တိုက်ခိုက်လာမှာ ဖြစ်ပြီး အလယ်က စွမ်းအင်လုံးကြီးကို ဖျက်ဆီးလိုက်ရင်တော့ နောက်ဆုံးရန်သူ အဖြစ် Eye of the Storm ထွက်ပေါ် ရန်ပြုလာမှာ ဖြစ်ပါတယ်။

ရန်သူအားလုံးကို အနိုင်တိုက်ခိုက်ပြီးရင် ကျွန်း အလယ်ဗဟိုနေရာမှာ ပင့်လေစီးကြောင်း တစ်ခု ပေါ်လာပါလိမ့်မယ်။ အဲဒီကတဆင့် ပြထားတဲ့ လမ်းကြောင်းတွေအတိုင်း လေဟုန်စီးရင်း Thousand Winds Temple ဘက်ကို သွားကာ Quest ရဲ့ နောက်ဆုံးအဆင့်ကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ Quest ရဲ့ နောက်ဆုံးအဆင့်ဟာလည်း ဒုတိယအဆင့်နဲ့ ထပ်တူနီးပါးပဲ ဖြစ်ပါတယ်။

ခုဆိုရင် Genshin Impact က အမည်မဲ့ကျွန်းရဲ့ လျှို့ဝှက်ချက်တွေကို လက်လှမ်းမီသမျှ ပြောပြပေးခဲ့ပြီး ဖြစ်ပါတယ်။ ဖြည့်စွက် ဆွေးနွေးချင်တာ၊ မေးမြန်းချင်တာများ ရှိရင် ကြိုဆိုပါတယ်။ များမကြာခင် One More Click မှာ Genshin Impact ပရိသတ်တွေအတွက် စိတ်ဝင်စားစရာ အကြောင်းအရာတွေ ဆက်လက် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Leave a Reply